မြန်မာပြည်အကြောင်း သိသင့်သောအချက်များ ကို ဝေမျှပေးကြပါ
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် မှီတင်းနေထိုင်ကြပါသော ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သောသူများ (ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားကြကုန်သူများ) အား ကျွန်တော် တစ်ခုပြောလိုပါသည်။ ယခုဆိုလျှင် ကျွန်တော်တို့ 2011-2012 ခရီးသွားရာသီ အစပျိုးနေပြီ ဖြစ်သည်။ ထိုခရီးသွားရာသီ အစမပျိုးခင် အထူးသဖြင့် ကျွန်တော်တို့ ဧည့်လမ်းညွှန်များ ကြိုတင် ပြင်ဆင်နေရပြီ ဖြစ်သည်။ တစ်ချို့ဆိုလျှင် ယခုကတည်းက လာမည့် ခရီးသွားရာသီ အတွက် တော်တော်လေး ရက်ပြည့်နေပြီ ဖြစ်သည်။ တစ်ချို့သော ခရီးသွားကုမ္ပဏီများမှ ယခုကတည်းက ဧည့်လမ်းညွှန်များ လိုအပ်နေကြသည်။ ဒီကြားထဲတွင် ပြောင်းလဲနေသော မူဝါဒ အရ ဘက်ပေါင်းစုံမှ လိုက်ဖက်ညီအောင် ကြိုးစားရနေသည်လည်း ရှိသည်။ အဆင်ပြေသည်များရှိသလို အဆင်မပြေမှုများကြောင့် တဦးနှင့် တဦး နားလည်မှုလွဲနေကြသည်များလည်း ရှိသည်။ ကျွန်တော် ပြောလိုသည်မှာ လာမည့်ခရီးသွားရာသီအတွက် အဆင်ပြေနိုင်မည် ထင်သော မြန်မာပြည်တွင် တွေ့ရနိုင်သော အပင်များနှင့် အသီးများကို ကျွန်တော် လက်လှမ်းမှီသလောက် စုဆောင်းပေးဖူးသည်။ ကျွန်တော် အခြားအသုံးဝင်နိုင်သည်များကိုလည်း စုဆောင်းနေသည်။ ကျွန်တော်လိုပင် အချိန်ရရင် ရသလို အသုံးဝင်သော အချက်အလက်များကို Reference နှင့်တကွ စုဆောင်းနိုင်လျှင် ကျွန်တော်တို့ တော်တော်လေး အသုံးဝင်မည် ဖြစ်သည်။ ဒီတော့ တဦးနှင့် တဦး နားလည်မှုလွဲနေသည်များကို အငြင်းပွားနေချိန်များထဲမှ ဖဲ့ဝေကာ အများအတွက် အသုံးဝင်သော အောက်ပါ အချက်အလက်များကို မျှဝေနိုင်မည် ဆိုလျှင် နှစ်ဖက်အဆင်ပြေ (မိမိနှင့် အများ) အတွက် လွန်စွာအဆင်ပြေပေမည်။
မြန်မာပြည်နှင့်ပါတ်သက်သော အချက်အလက်များ -နိုင်ငံတော်အကြောင်း၊ တိုးတက်လာသော အချက်အလက်များ(Statics)၊ ဘာသာရေးရာနှုန်းများ၊ ဘုန်းကြီးကျောင်း၊ မယ်သီလရင်ကျောင်း၊ ခရစ်ယာန်ကျောင်းများ(Church)၊ ဟိန္ဒူကျောင်းများ၊ မွတ်ဆလင်ကျောင်းများ၊ ဆရာ/ဆရာမ ဦးရေ၊ လက်ရှိ လူဦးရေ၊ တပ်မတော်သားဦးရေ၊ ဘုန်းတော်ကြီး/ကိုရင် ဦးရေ၊ မယ်သီလရင် ဦးရေ၊ ခရီးသွားလုပ်ငန်းနှင့် ပါတ်သက်သောမြို့များ (ဥပမာ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ပဲခူး အစရှိသည်) တို့၏ အကျယ်အ၀န်း၊ လူဦးရေ၊ အဓိကစီးပွားရေး၊ နိုင်ငံတော်၏ GDP၊ ပုဂံတွင် လက်ရှိ တည်ရှိသော အဆောက်အအုံအရေအတွက်၊ နိုင်ငံတော်အတွင်းရှိ သက်ရှိ/သက်မဲ့(အပင်များ)၏ မျိုးစိတ်အရေအတွက်၊ သက်ရှိများ၏ အကောင်အရေအတွက် ခန့်မှန်း၊ လျှပ်စစ်အသုံးပြုမှု၊ ပြည်ပပို့ကုန်၊ ရွှေတိဂုံဘုရားပေါ်တွင် ရှိနိုင်သော ဘုရားဆင်းတု အရေအတွက် အစရှိသည် အစရှိသည်ဖြင့် မိမိဖတ်ဖူးသော (သို့) မိမိမှတ်သားထားသော ခရီးသွားလုပ်ငန်းနှင့် ပါတ်သက်သော သတင်းအချက်အလက်များကို မိမိဖတ်ဖူး၊ မှတ်ဖူးသော Reference နှင့် တကွ ဖော်ပြပေးစေလိုပါသည်။
ကျေးဇူးတင်စွာဖြင့် myomyanmarguide (မျိုးမြန်မာ-ဧည့်လမ်းညွှန်)