Home > Asia > မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတ င်အသုံးပြုနိုင်

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတ င်အသုံးပြုနိုင်

November 28th, 2011 Leave a comment Go to comments

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင် အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ၁၉၉၇ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော မြန်မာနိုင်ငံ၌ Online မှပစ္စည်းများ ဝယ်ယူနိုင်သည့် နိုင်ငံတကာသုံး VISA Card ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Web Host Myanmar ကုမ္ပဏီ၏ မန်နေဂျာဦးလွင်မျိုးက ပြောပြခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ICT ပြပွဲတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကတ်အရေအတွက် ရာဂဏန်းပမာဏနီးပါး အသုံးပြုနေပြီဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။ “ဒီကတ်နဲ့ ပြည်ပကနေ Domain တွေ၊ Hosting တွေ၊ Skype ငွေဖြည့်တာ စတဲ့ Online Payment တွေ ဝယ်ယူအသုံးပြုလို့ရတယ်။ အစိုင်အခဲပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်လို့မရသေးဘူး” ဟု မန်နေဂျာ ဦးလွင်မျိုးက ရှင်းပြသည်။ အဆိုပါကတ်သည် နိုင်ငံတကာ၏ မည်သည့်နေရာတွင်မဆို ငွေထုတ်ယူနိုင်ပြီး မည်သည့်နိုင်ငံတွင်မဆို Online မှတစ်ဆင့် ယင်းကတ်ဖြင့် ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း၊ ပြည်ပနိုင်ငံများ၌ Online မှ တစ်ဆင့် ပစ္စည်းများဝယ်ယူရာတွင် Visa, Master, Paypal အစရှိသော ကတ်များကို အသုံးပြုနေကြကြောင်း စင်ကာပူရောက် မြန်မာအမျိုးသားတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင်မူ ယင်း VISA Card ဖြင့် အသုံးပြုနိုင်သည့် နိုင်ငံတကာ Website များတွင် လွယ်ကူစွာ ဈေးဝယ်ယူနိုင်ပြီး ကတ်ဝယ်ယူပြီးလျှင် ကတ်အစစ်ကို အပြင်သို့ ထုတ်ပေးခြင်းမရှိဘဲ ကတ်နံပါတ်၊ CCV Code, Expire Date တို့ကို info@webhostmm.net မှတစ်ဆင့် ကတ်ဝယ်ယူသူ၏ အီးမေးလ်လိပ်စာသို့ ပို့ပေးမည်ဖြစ်ကြောင်း၊ Online VISA Card လျှောက်ထားလိုပါက သုံးရက်မှ ငါးရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ဦးလွင်မျိုးထံမှ သိရှိရသည်။ အဆိုပါ VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့် ချိတ်ဆက်ထားကြောင်း ၄င်းကထပ်လောင်း ရှင်းပြခဲ့သည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ “”



  1. No comments yet.
  1. No trackbacks yet.