Freelance Guide Organization ( Myanmar )လွတ်လပ်သောဧည့်လမ်းညွှန်များအဖွဲ့အစည်း( မြန်မာနိုင်ငံ)
ဧည့်လမ်းညွှန် ညီအကိုမောင်နှမ များ။
၁။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းသည် ၁၉၉၆ ခုနှစ် မှစတင်ခါ အလွန်အရှိန်အဟုန် ကောင်းလာ ခဲ့ပါသည်။ ယခင်ကစစ်အစိုးရလက်ထက်ဖြစ်သော်ငြားလည်း။ ဟိုတယ်/ခရီး ၀န်ကြီးဌာန နှင့် ဧည့်လမ်းညွှန် များ အကြားတွင် ကိုယ့် အလုပ်ကိုယ်လုပ်။သူ့ အလုပ်သူလုပ်ဖြင့် ၁၇ နှစ် နီးပါးခန့် သီးခြားစီသီးသန့်ရပ်တည် ခဲ့ကြပါသည်။
၂။စစ်အစိုးရလက်ထက်ဖြစ်ခဲ့သော်ငြားလည်း၊ အချို့နိုင်ငံရေးနွယ်သောကိစ္စရပ်များ ဧည့်လမ်းညွှန်များ ပတ်သက်ဆက်နွယ်ခဲ့မိသည်ရှိသော် အလွန်ဆုံးပြစ်ဒဏ်များ မှာ လိုင်စင် တစ်နှစ်ခန့် ပိတ်သိမ်း ခြင်းများလောက်သာ အရေးယူခဲ့မှု များရှိခဲ့ပါသည်။ အရေးယူခံရသောဧည့်လမ်းညွှန်သည်၊ အရေးယူခံနေရစဉ် အတွင်း အလုပ် အကိုင် အခွင့် အလမ်းမရှိသော်ငြားလည်း၊ ပြစ်ဒဏ်ရက် ကုန်ဆုံးပြီးပါကမိမိအသက်မွေးဝမ်းကြောင်းကို ဆက်လက် ဆောင်ရွက်လုပ်ကိုင်နိုင်ဆဲဖြစ်ပေသည်။
၃။ယခု့ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင်၊၀န်ကြီးဌာန မှချုပ်ကိုင်မှု အပြည့်အ၀ဖြင့် ဧည့်လမ်းညွှန်များ ကို ကူညီသည့်ဟန်၊ ပူးပေါင်းလက်တွဲလုပ်ဆောင်ဟန်ဆောင်ပြီး၊ MTGA အသင်းကို ဖွဲ့စည်း ၄၃၃။ ကုန်သည်လမ်းတွင်ဝန်ကြီးဌာနပိုင်နေရာကိုတစ်နှစ်စာတရားဝင်စာချုပ်ဖြင့် ငှားရမ်းခွင့် ပေးခဲ့ သည်။
၎။ သို့ရာတွင်၊MTGA အသင်း ရုံးခန်းမူလနေရာမှ နေရာအသစ်တစ်ခု့သို့ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ။ ချက်ခြင်းနေရာပြောင်းရွှေ့စေခိုင်းခြင်းသည် (အိမ်ခြေယာမဲ့သူများ၊ ကျူးကျော် များကို ဆက်ဆံသကဲ့သို့ )ငွေကြေးအင်းအားပြည့်စုံမှုနည်းပါးနေသေးသော MTGA အသင်း အပေါ်တွင်၎င်း။ ဧည့်လမ်းညွှန်များအပေါ်တွင်၎င်း။ လေးစားမှုလုံးဝမရှိဘဲ။ ထားရာနေစေရာသွား။ ဗျုရိုကရေစီ အုပ်ချုပ်ရေး ကို အပြည့်အ၀ အကောင် အထည်ဖေါ်ဆောင်လျှက်။ MTGA ကို ခုတုံးလုပ် ။လက်ကိုင်တုတ်ထား။ ဧည့်လမ်းညွှန်အချင်းချင်း သွေးကွဲစေရန်။ ဒိုင်အာခီအုပ်ချုပ်ရေးဆန်သော အပြုအမူ။လုပ်ရပ်များကို အတင်း အကြပ်ခိုင်းစေမှုများပြုလုပ်လာခြင်း။ ချဲလှယ်အနိုင်ကျင့်မှုများ ရှိလာသည်ဟု့ ဧည့်လမ်းညွှန်များ မှ သုံးသပ်လေ့လာမိပါသည်..။
၅။အသိပညာရှင်များအဖွဲ့အစည်းဖြစ်သောဧည့်လမ်းညွှန်များကို ၀န်ကြီးဌာန ဘက်မှ့ အများဆန္ဒကို လုံးဝ လေးစား လိုက်နာမှုမရှိသော။လုပ်ငန်းသဘာဝ နှင့် ဆီလျှော်မှု မရှိသော ၊ ။ ကြိုတင် ပြင်ဆင် ချိန်ပေး ထား ခြင်းများတစ်စုံတစ်ရာမရှိသော။ ကိစ္စရပ်ပေါင်းများစွာကို အာဏာရှင် ဆန်စွာ ညွှန်ကြားလွှာများတစ်ခု့ ပြီး တစ်ခု့ ထုတ်ပြန်မှုများကို နိုင်ငံတော်ပိုင်သတင်းစာများတွင်၎င်း။ ဂျာနယ်စာမျက်နှာများတွင်၎င်း။ဧည့်လမ်းညွှန်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ။သိက္ခာမရှိရ လေအောင်ပြုမူရေးသားစေခဲ့သည် ကို လေ့လာတွေ့ရှိရပါသည်။
၆။၁၇ နှစ်အထက် ကြာခဲ့ပြီဖြစ်သော ဧည့်လမ်းညွှန် ပညာရှင်လုပ်ငန်းကို လမ်းဘေးစရိုက်ဆန်သော ဇိမ်ခံခန်းများကို အရေးယူမည့်ဟန် ပြောဆိုရေးသားထုတ်ဝေခြင်းများ။ ဧည့်လမ်းညွှန်များတူညီဝတ်စုံ မ၀တ်ယုံဖြင့် အဆိုပါဧည့်လမ်းညွှန် တစ်ဦး အား လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည်ဟု့ ၀န်ကြီးဌာန မှ ညွှန်ကြားချက်ထုတ်ပြန်ခြင်း နှင့် အဆိုပါညွှန်ကြားချက်များကိုဂျာနယ်စာမျက်နှာများတွင် ထုတ်ဖေါ်သတင်းဖြန့်ချီ အကောင်အထည်ဖေါ်နေသော လက်ရှိ MTGA ဥက္ကဌ နှင့် ဟိုတယ် ခရီးဝန်ကြီးဌာန မှ တာဝန်ရှိသူများသည် ဒီမိုကရေစီ ခေတ်သစ်တွင်လူ့ အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်ရာရောက်နေပေသည်။ ။(ရည်ညွှန်းချက်ပါစာများမှာ-
(က)။The Voice journal တွင်ပါရှိသောဆောင်းပါး( October-28/2011 ) ( ဧည့်လမ်းညွှန်များတူညီဝတ်စုံမ၀တ်ဆင်ပါကအရေးယူတော့မည်။) တူညီဝတ်စုံမ၀တ်ဆင်ပါကလိုင်စင်ပိတ်သိမ်းသည်အထိအရေးယူသွားမည်ဟု့ အသင်းဥက္ကဌ မှဆောင်းပါးတွင်ပြောကြားချက်များ။ (ခ)။The Myanmar Post တွင်ပါရှိသောဆောင်းပါး ( Vol.3,No.45,November-23/2011) Tourism Article page-11 (အကျင့်ပျက်ဧည့်လမ်းညွှန်များအားထိရောက်စွာအရေးယူရန်လိုအပ်)ဆောင်းပါးရှင်- ဆုမွန်။ (မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းဥက္ကဌဒေါ်ဋ္ဌေးဋ္ဌေးတင်က အကျင့်ပျက်တဲ့ဧည့်လမ်းညွှန်တွေကို တိုင်ကြားစေချင်ပါတယ်။ ဘယ်နေရာမှာဘယ်လိုအကျင့်တွေပျက်တယ်ဆိုတာအပြည့်အစုံသတင်းပေးပို့တာကိုကြိုဆိုပါတယ် ။နောက်နှစ်လလောက်ဆိုရင်အရေးယူမှုတွေနဲ့ပတ်သက်ပြီး၊ တရားဝင်ထုတ်ပြန်သွားနိုင်မည်လို့ထင်ပါတယ် ဟု့ပြောကြားခဲ့သည်။ ) ဆောင်းပါးရှင် ဆုမွန်ဖေါ်ပြထားသောဆောင်းပါး တွင်ပါသည့် အချက်အလက်များ မှန် /မမှန် ဆိုသည်ကို မဆလခေတ်ကထဲက ဧည့်လမ်းညွန် ဘ၀တွင်အသက်မွေးကျင်လည်ခဲ့သော MTGA အသင်း၏ဥက္ကဌ ဖြစ်သူ မသိနားမလည်ခြင်းမှာ အလွန်ရှက်ဖွယ်ကောင်းလှသလို။ မဟုတ်မမှန်သော သတင်းဆောင်းပါးရေးထားခြင်းကို အကျင့်ပျက်ဧည့်လမ်းညွှန်များကိုအရေးယူမည်ဟု့ သံယောင်လိုက်ပြီးဆောင်းပါးအဆုံးသတ်တွင်ဖေါ်ပြခြင်းသည် MTGA ဥက္ကဌ မှ ဧည့်လမ်းညွှန်လုပ်ငန်းလုပ်ကိုင်နေသော သူများအားလုံးကိုစော်ကားလိုက်ခြင်းဖြစ်ပေသည်။ )
၇။ဒီမိုကရေစီနိုင်ငံတော်သစ်ကို အပြည့်အ၀တည်ဆောက်နေသောအသွင်ကူးပြောင်းရေးကာလတွင်၊ ဗျုရိုကရေစီစနစ်ကိုလက်ကိုင်ကျင့်သုံးနေဆဲဖြစ်ပြီး။MTGA ကိုအသုံးချ၍ ဒိုင်အာခီအုပ်ချုပ်ရေး အသွင် သဏ္ဍန်ပြုမူနေပါသဖြင့် . ၂၀၁၁ -၂၀၁၂ ခုနှစ် ခရီးသွားရာသီတွင်၊ လုပ်ဖေါ် ကိုင်ဘက် ဧည့်လမ်းညွှန်များ၏ မပြောပလောက်သော မှားယွင်းမှု။ ( ဥပမာ။ တူညီဝတ်စုံမ၀တ်ထားသူ။smart card /ရင်ထိုးတံဆိပ် မထုတ်ယူရသေးသူ။ သင်တန်း မတက်ရသေးသူ။ အသင်းမ၀င် ထားသေးဘဲ လုပ်ငန်းလုပ်ကိုင်နေသူ။ ) ဧည့်လမ်းညွှန်တိုင်း လမ်းခရီးစဉ် အတွင်း အရေးယူမှုများ တစ်စုံတစ်ရာ ခံခဲ့ရသည်ရှိသော် ကူညီစောင့်ရှောက်ဖြေရှင်းရပ်တည်ပေးနိုင်စေရန်အတွက် လွတ်လပ်သောဧည့်လမ်းညွှန်များအဖွဲ့အစည်း (မြန်မာနိုင်ငံ) ( Freelance Guide Organization ) ကို စိတ်တူ ကိုယ်တူဧည့်လမ်းညွှန်ညီအကိုမောင်နှမရဲဘော်ရဲဘက်များ စွာဖြင့် စည်းရုံးကျစ်လစ်စွာ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
၈။အဆိုပါ အဖွဲ့အစည်းသည် on line ကွန်ယက်ဖြန့်အဖွဲ့အစည်း တစ်ခု့ဖြစ်ပြီး။ မည်သည့် ချယ်လှဲ သွေးခွဲမှုများကိုမှလုံးဝလက်မခံဘဲ။လွတ်လပ်၍ တရားမျှတမှုရှိသော၊ စစ်မှန်သောလမ်းကြောင်း တစ်ခု့ ပေါ်တွင်အမှန်တရားအတွက်၊ မိမိတို့ လုပ်ဖေါ်ကိုင်ဘက်ဧည့်လမ်းညွှန်များဘက်မှ၊ ပြတ်သားစွာ၊ စည်းရုံးစွာ၊ရပ်တည်သွားမည် ဖြစ်ပါသည်။
၉။အဆိုပါအဖွဲ့အစည်းမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွင်၊ ဟိုတယ်ခရီးဝန်ကြီးဌာန နှင့် ဧည့်လမ်းညွှန်များ အကြားလက်ရှိဖြစ်ပေါ်နေသောအခြေအနေများ ။Check & Balance မရှိမှုများ။ သတင်းစာ၊ဂျာနယ်များတွင် မတရားထည့်သွင်းဖေါ်ပြထားသော ကျိုးကြောင်းမဆီလျှော်မှုများ၊ ဒိုင်အာခီအုပ်ချုပ်ရေးအသွင်ဆောင်၍ MTGA ကိုမည်သို့မည်ပုံအသုံးချအခက်တွေ့စေမှုများ။ ဖြစ်ရပ်မှန်များကို အထောက်အထားအပြည့်အစုံများပါဝင်လျက်။
နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အစည်း။ Human rights Watch organization Human Rights Watch 350 Fifth Avenue, 34th Floor New York, NY 10118-3299 USA Tel: 1-(212) 290-4700
သို့ အင်္ဂလိပ်ဘာသာဖြင့် အကြောင်းစုံရေးသားပေးပို့၊ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်သလို ။နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ။ နိုင်ငံတကာဧည့်လမ်းညွှန်များအဖွဲ့အစည်းများဖြင့် ဆက်သွယ်ချိတ်ဆက်အင်တာနက်လူမှုရေးကွန်ယက်ဖြန့်ခဲ့ ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၂၀၁၁-၂၀၁၂ ခုနှစ်ခရီးသွားရာသီ၊လုပ်ငန်းခွင်ဝင်နေစဉ် အတွင်း။ ဧည့်လမ်းညွှန်များ မတရားဖိနှိပ်ချုပ်ချယ် အရေးယူခံရခြင်းများရှိပါက အင်တာနက်လူမှုကွန်ယက်ကို အခြေခံ၍။ ( 2011human.right@gmail.com ) မေး လိပ်စာသို့ ဆက်သွယ် အကြောင်း ကြား ပေး ကြပါရန်နှင့် လွတ်လပ်သောဧည့်လမ်းညွှန်များအဖွဲ့အစည်း ( Freelance Guide Organization )မှ ဦးစီးဦးဆောင်ပြီး၊ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းလက်တွဲ၍၊ တတ်နိုင်သော အကူအညီများ ပေး မည် ဖြစ်ကြောင်း အသိပေး အကြောင်း ကြားအပ်ပါသည်။
လွတ်လပ်သောဧည့်လမ်းညွှန်များအဖွဲ့အစည်း( မြန်မာနိုင်ငံ) Freelance Guide Organization ( Myanmar )