Myanmar bikers to tour some of ASEAN nations
Sent to you by Frankie Nyi Nyi via Google Reader: မြန်မာခရီးသွားအဖွဲ့တစ်ဖွဲ့ အာဆီယံနိုင်ငံအချို့သို့ စက်ဘီးဖြင့် လည်ပတ်မည် via ပြည်တွင်းသတင်း on 8/10/10
မြန်မာနိုင်ငံရှိတိုင်းနှင့် ပြည်နယ်ခုနစ်ခုကို စက်ဘီဖြင့် လှည့်လည်ခရီးသွားခဲ့သည့်အဖွဲ့တစ်ဖွဲ့က အာဆီယံနိုင်ငံအချို့သို့ စက်ဘီးဖြင့် သွားလာလည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါအဖွဲ့မှ ဦးအောင်နိုင်က ပြောသည်။ “ကျွန်တော်တို့အဖွဲ့ နောက်သုံးလေးနှစ်လောက်မှာ အာဆီယံနိုင်ငံ အချို့ကိုသွားနိုင်ဖို့ စီစဉ်နေတယ်။ သွားမယ့်နိုင်ငံတွေက ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေကိုသွားဖို့ ရည်ရွယ်ထားတယ်။ အဓိကက ကမ္ဘောဒီးယားက အန်ကောဝပ် ကျောင်းတော်ကြီးကို စက်ဘီးနဲ့ သွားရောက်ဖူးမြော် နိုင်ဖို့ပါ”ဟု ယင်းကပြောသည်။ အဆိုပါ အဖွဲ့ဝင်သုံးဦးပါသည့် အဖွဲ့သည်။ မြန်မာနိုင်ငံရှိ မြို့ကြီးများသို့ ထားဝယ်မြို့မှ ဇွန်၁ရက်တွင် စတင်ထွက်ခွာ၍ ရန်ကုန်မြို့ သုဝဏ္ဏစက်ဘီးကွင်းသို့ ဇူလိုင် ၃၀ ရက်တွင် ခရီးစဉ်အဆုံးသတ်ပြီး ပန်းဝင်နိုင်ခဲ့ကြောင်း၊ ၎င်းအဖွဲ့ဝင်သုံးဦးမှာ ဦးသီးလှိုင် (သစ်တောအငြိမ်းစား) အသက်(၈၀) ၊ ဦးအောင်နိုင်(လက်ဖက်ရည်ဆိုင်ပိုင်ရှင်) အသက် (၅၁) နှစ်နှင့် ဦးဇော်မင်းဦး( ပန်းရန်ပညာရှင်) အသက်( ၃၂) နှစ်တို့သည်ထားဝယ်မြို့မ ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဇွန် ၁ ရက် နံနက် ၉ နာရီ ထားဝယ်မြို့ ခရိုင်ရုံးခရိုင်အတွင်းရေးမှူး ဗိုလ်မှူးကြီး လှမျိုးဆီကနေ မော်လမြိုင်ကို စထွက်တယ်။ အဲဒီကနေ တောက်လျှောက် ထွက်တာ၊ ကျွန်တော်တို့ကျန်းမာရေးနဲ့ရာသီဥတုကြောင့် ဟားခါးနဲ့စစ်တွေကို မဝင်ဖြစ်ဘူး။ ကျန်တဲ့မြို့ အကုန်ဝင်တယ်။ ကျွန်တော်တို့ မုံရွာကဆင်း ပုသိမ်၊ ရေကြည်၊ အင်းစိန်ကနေမှ ရန်ကုန် သုဝဏ္ဏကွင်းမှာ ခရီးစဉ်ဆုံးပါတယ်”ဟု အဆိုပါအဖွဲ့မှ ဦးအောင်နိုင်က ပြောသည်။ အဆိုပါ အဖွဲ့သည် ဇွန် ၁ ရက်မှ စတင်၍ ထားဝယ်မြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူး ခရိုင်ရုံးမှ စတင်ထွက်ခွာပြီး မော်လမြိုင်၊ ပဲခူး၊ နေပြည်တော်၊ လွိုင်ကော်၊ တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ ပုသိမ်မှ ရန်ကုန် သုဝဏ္ဏကွင်းသို့ ဇူလိုင် ၃၀ ရက်တွင် ခရီးဆုံးပန်းဝင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Things you can do from here: – Subscribe to ပြည်တွင်းသတင်း using Google Reader – Get started using Google Reader to easily keep up with all your favorite sites