Home > Asia > Myanmar Daily Mail က Reliable မရှိပါ။

Myanmar Daily Mail က Reliable မရှိပါ။

October 8th, 2011 Leave a comment Go to comments

Myanmar Daily Mail ကကျွန်တော့ Post ကိုပြန်မတင်ပေးလိုသူငယ်ချင်တွေကိုချပြတာပါ။

http://groups.google.com/group/mayanmardailymail/browse_thread/thread/9553ca1621535686

မြန်မာ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကိုခုတုံးလုပ်ပြီး နာမည်ကျော်ချင်တဲ့ ဦးဦးဒေါ်လာနှင့် အက်ဆစ်ခင်ဗျား မည်သည့်အခါမှ နိုင်ငံရေးအကြောင်းမရေးခဲ့ပေမဲ့ ကျွန်တော် ဗိုစော ခင်ဗျားတို့ကိုဒဲ့ဝေဖန်ပါပြီ။ ခင်ဗျားတို့လိုလူနည်းစု လူ့ကန့်လန့်တွေလည်း မြန်မာပြည်နိုင်ငံရေးလောက အသင်းအဖွဲ့တွေမှာ သမိုင်းစာမျက်နှာတွေမှာ အထင်အရှားရှိခဲ့ဖူးပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကြောင့်လဲ မြန်မာ့သမိုင်းမှာ ခေါင်းဆောင်ကောင်းတွေ ကွယ်ပျောက်ခဲ့ရတာ အထင်အရှားပါပဲ။ ခင်ဗျားတို့ရဲ့စာတွေကိုတစ်ချက်ခြင်း ဝေဖန်ပြခြင်လို့စရေးပါပြီ။ ၁။ ဒေါ်အောင်ဆန်းစုကြည်ကို “စွမ်းဆောင်မှုမရှိ၊တာဝန်မယူရဲသူ´´ဆိုပြီး ပြောရအောင်သူမမှာတိုင်းပြည်တစ်ခုသို့၊ အဖွဲ့အစည်းတစ်ခုရဲ့ decision maker တစ်ယောက်မဟုတ်ပါဘူး။သူဟာစည်းမျဉ်းစည်းကမ်းအများ ဆန္ဒနဲ့ ကိုက်ညီမှအလုပ်လုပ်သူပါ။

၂။ ၉၀ ရွေးကောက်ပွဲကိုခုအချိန်မှာ ပြန်ပြောနေရမဲ့အချိန်မဟုတ်တော့သလို မြန်မာ့နိုင်ငံရေးကို ပိုမိုရှုပ်ထွေးအောင်နောက်ပြန်လှည့်ရမဲ့အချိန်မဟုတ်ပါဘူး။

၃။ ယခုအစိုးရကလဲ “ အာဏာရှင်´´ မဟုတ်တော့သလို လုပ်ရင်လဲ ဝေဖန်အကြံပြုခွင့်တွေပေးထားတာ အထင်အရှားပါပဲ။

၎။ဒေါ်အောင်ဆန်းစုကြည်ဟာ NGO လုပ်ငန်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံတာဟာ နိုင်ငံရေးသမားကောင်းတစ်ယောက်အနေနဲ့ အခြေခံလူတန်းစားတွေရဲ့ ဆန္ဒလက်ရှိအခြေအနေကို လက်တွေ့ကျကျ သိမြင်ဖို့ကြိုးစားသူလို့ပဲမြင်ပါတယ်။

၅။NLD ကရော ဒေါ်အောင်ဆန်းစုကြည်ကသာ ယခင်က လက်နက်စွဲကိုင်တိုက်ဖို့ပြောခဲ့ရင် ထွက်ရဲတဲ့သူတွေ ဒုနဲ့ဒေးပါ။ တိုင်းပြည်လဲ အစိတ်စိတ်အမွှာမွှာဖြစ်နေလုပြီ။ ဒါကြောင့်နိုင်ငံတကာက ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဆုတွေပေးထားတာကို သတိချပ်စေချင်ပါတယ်။

၆။ မှတ်တာမှားတာဘေးဖယ်ထား တိုင်းပြည်တစ်ခုမှ စစ်တပ်ဆိုတာ ရှိနေရမှာပဲ။ အဲ့ဒီ စစ်တပ်ကလဲ မဟာဗျူဟာဆိုတာမရှိရင် ပြိုကွဲသွားတာကြာလှပြီ။ ပြည်သူ့အတွက်ကောင်းသောလမ်းကိုလျှောက်ဖို့ပဲ အရေးကြီးပါတယ်။ စစ်တပ်ပြိုကွဲရေးဆိုတာက ခပ်ညံ့ညံ့အတွေးတွေပါ။ ပြည်သူနဲ့ အတူရှိနေဖို့ပဲအရေးကြီးပါတယ်။

၇။ ဆွေးနွေးချက်တွေကို “ တိုးတိုးတိတ်တိတ်မလုပ်ပဲ တိုင်ပင်ရမယ်၊ ချပြရမယ် ´´ ဆိုတော့ ဘယ်နိုင်ငံအစိုးရအသင်းအဖွဲ၊ ကုမ္ပဏီတွေကရော ခေါင်းဆောင်တွေကရော အလုပ်ကိစ္စမပြီးမြောက်ခင် ထင်တိုင်းလျှောက်ပြောခွင့်ရှိရဲ့လား။ ပြောနေရင်ရော ခေါင်းဆောင်ကောင်းဖြစ်မလား။ စဉ်းစားပါ။

၈။ ခင်ဗျားတို့သာ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေကိုသွေးကွဲအောင်လှုံ့ဆော်နေတဲ့၊ လက်တွေ့မဆန်၊ ပြည်သူ့ ခံစားချက်ကိုမသိတဲ့ မျက်ကန်းမျိုးမချစ်သတ္တ၀ါတွေပဲ။ တစ်ကမ္ဘာလုံးမှာ အာဏာရှင်တွေကိုတော်လှန်နေတယ်ဆိုပြီး အာရပ် ကမ္ဘာနဲ့ မြန်မာ့နိုင်ငံရေးကို ခွဲခြားစိတ်ဖြာမသိတဲ့ ခပ်ညံ့ညံ့ အတွေးအခေါ်တွေနဲ့ ဘယ်တော့မှ မရေးပါနဲ့။ ရေးခဲ့ရင်လည်း နာမည်ကြီးအောင် မိမိမည်သူမည်ဝါလို့ထည့်ရေးပါ။

၉။ လေးစားအပ်ပါသော မြန်မာနိုင်ငံသားများခင်ဗျား ယခုအချိန်မှာခေတ်ဆက်ဆက်က မြန်မာတွေ ခေါင်းဆောင်ကောင်းတွေကို လုပ်ကြံခြင်း၊ စိတ်ဝမ်းကွဲစေခြင်း ကြောင့်တိုင်းပြည်ပြိုကွဲခြင်းမျိုး ထပ်မံမဖြစ်ရအောင် ၀ိုင်းဝန်းပူးပေါင်းဆွေးနွေးရင်း တိုင်းပြည်တိုးတက်အောင် ပြည်သူလူထုစိတ်ချမ်းသာအောင် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ ဒါပါပဲ။

ဗိုစော



  1. nyi htike
    October 10th, 2011 at 18:49 | #1

    ဟုတ်တယ် ဘိုစော ဒီခွေးမသား uudollar ဆိုတဲ့အကောင်ကိုဖဲ့ချင်တယ်။ အဲဒီmdm group ကထွက်ချင်ပါတယ် ဘယ်လိုလုပ်ရမလဲ ကူညီပါအုံး

    2011/10/8 saw

  1. No trackbacks yet.